Monday, 31 October 2016




ပထမဦးဆုံး 7zip Software ကို မိမိ window ပေါ်မူတည်ပြီး ဒီမှာဒေါင်းလိုက်ပါ။ပြီးရင် ကွန်ပျူတာမှာ install လုပ်ပေးပါ။ 
ပြီးရင် မိမိ Firmware ဖြည်မဲ့ tar.md5 ဖိုင်ပေါ်မှာ Right Click ထောက်လိုက်ပါ။ ပေါ်လာတဲ့အထဲကမှ 7zip ကို သွားပါ။ ပြီးရင် Open Archive ကိုနှိပ်လိုက်ပါ။ ( ပုံ ၁ကို ကြည့်ရန် )



ဒါဆိုရင် Firmware ထဲမှာပါတဲ့ ဖိုင်တွေပေါ်လာပါလိမ့်မည်။ မိမိလိုချင်တဲ့ဖိုင်ကို ဆွဲထုတ်ယုံပါဘဲ။ ကျွန်တော်ကတော့ recovery.img ဖိုင်ကို ဆွဲထုတ်ပါမည်။ အဲ့ဒီတော့ recovery.img ဖိုင်ပေါ်မှာ select မှတ်လိုက်ပါသည်။ ပြီးရင် အပေါ်က Extract ကို နှိပ်လိုက်ပါသည်။ ( ပုံ ၂ကို ကြည့်ရန် )


ဒါဆိုရင်တော့ မိမိရဲ့ Firmware Folder အောက်မှာ recovery.img ဖိုင်လေး ရောက်သွားပါပြီ။ ( ပုံ ၃ကို ကြည့်ရန် )


recovery.img ဖိုင်ကိုဘဲ tar ဖိုင်ဆောက်ချင်တယ်ဆိုရင်တော့ recovery.img ပေါ်မှာ Right Click ထောက်လိုက်ပါ။ ပေါ်လာတဲ့ အထဲကမှ Add to archive ကို ရွေးလိုက်ပါ။ ( ပုံ ၄ကို ကြည့်ရန် )


ပီးရင် Archive format နေရာမှာ zip အစား tar လေး ပြောင်းလိုက်ပါ။ ပြီးရင် OK ကို နှိပ်လိုက်ပါ။ ခဏစောင့်လိုက်ပါ။ ပြီးရင် မိမိရဲ့ Firmware Folder ထဲမှာ recovery.tar ဖိုင်လေး သွားတွေ့ရပါမည်။ ( ပုံ ၅ကို ကြည့်ရန် )


recovery.tar ဖိုင်လေး သွားပေါ်သွားပါပြီ။ tar ဖိုင်ကိုလည်း odin ကနေ flash လို့ရပါတယ်။ ဒါကတော့ Firmware ဖိုင်ဖြည်နည်းကို နမူနာ ပြပေးတာ ဖြစ်ပါတယ်။ မိမိကြိုက်သလို ပုံစံမျိုး အသုံးပြုနိုင်ပါသည်။ ( ပုံ ၆ကို ကြည့်ရန် )


PDF ဖိုင်အနေဖြင့် သိမ်းထားလိုပါက ဒီနေရာမှာ ဒေါင်းပေးပါ။ 







အလည်လာသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။





0 ​ဝေဖန်​ရန်​:

Related Posts Plugin for WordPress, Blogger...

Popular Posts